လ - မေ 2014

အမေ ပန်းဝင်ပြီ

မိခင်၏ ကျန်းမာရေးက ပိုဆိုးလာသည်ကို ‘ဂျက်ဖ်’သိလိုက်ရချိန်တွင် ချက်ချင်းလေယာဉ်ဖြင့် ပြန်ရောက်လာသည်။ အမေ့အိပ်ရာနံဘေး၌ ထိုင် ကာ အမေ့လက်ကိုဆုပ်နယ်ပေးသည်။ ဓမ္မတေး သီဆိုပေးသည်။ နှစ်သိမ့်မစလျက် အမေ့ကို သူ ချစ်ကြောင်းပြသည်။ အမေဆုံးသွားချိန်တွင် အမေ သည် မိတ်ဆွေများအတွက် အလွန်တန်ဖိုးရှိသော မိခင်ကြီးဖြစ်ကြောင်း လူများစွာက ‘ဂျက်ဖ်’ ကို နှစ်သိမ့်ပြောပြကြသည်။ ဆုတောင်းအဖွဲ့များကို လည်း ဦးဆောင်ခဲ့သည်။ သူ့ဘဝမီးဇာကုန်ခါနီး အချိန်ထိ အရေးပါသောကဏ္ဍမှ ခရစ်တော်ကို အစေခံခဲ့သည်။ ခရစ်တော်အတွက် အမေက ရဲရင့် ခိုင်မာစွာ ပန်းဝင်ခဲ့သည်။
အမေ့အသက်တာကို ဂုဏ်ပြုသော အားဖြင့်  ‘ဂျက်ဖ်’ သည် ၂၆.၅ မိုင် အပြေးပြိုင်ပွဲဝင်ခဲ့သည်။ ပြေးပွဲတစ်လျှောက် အမေ့ အသက်တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရင်း၊ အမေ့ကိုဆုံးရှုံးရ၍ ကြေကွဲဝမ်းနည်း ရသည်။ သူပန်းဝင်ချိန်တွင် ကောင်းကင်သို့ ညွှန်ပြရင်း “အမေရောက်ရှိနေတဲ့နေရာ”ဟု ပြောခဲ့သည်။…

ထွက်ပေါက်

မကြာမီက လန်ဒန်၌ ရောက်နေခဲ့ရာ ကျွန်တော်သွားမည့်နေရာသို့ မြေအောက်ရထားစီး သွားရန် ဆုံးဖြတ်ပြီး လက်မှတ်ဖြတ်ကာ မြေအောက် ဥမင်လိုဏ်ခေါင်းအတိုင်း ဆင်းသွားလိုက်သည်။ သို့သော် ဘူတာမှအပြင်ပြန်ထွက်ရန် ထွက်ပေါက် မတွေ့ပါက လိုဏ်ခေါင်းအတွင်း သင်လမ်းပျောက် နေမည်ပင်။ ဘူတာရုံ၏ ဖွဲ့စည်းပုံစနစ်နှင့် အကျွမ်း မဝင်သူဆိုလျှင် ဘူတာအပြင်ထွက်ရန်အရေးက  ဇောချွေးပြန်လောက်သည်။
ကျိုးတိုးကျဲတဲလူကြားထဲ တစ်ယောက် တည်းဂနာမငြိမ်ဖြစ်နေပါလျှင် သင်သည် လမ်း မပျောက်လိုကြောင်း သေချာပါသည်။ ထို့ကြောင့် ‘ထွက်ပေါက်’ဟူသည့် ဆိုင်းဘုတ်ကို မြင်လိုက်ရ သောအခါ ဝမ်းသာလိုက်ပါဘိ၊ ထိုလမ်းအတိုင်း စိတ်ချလက်ချ ထွက်လာနိုင်တော့သည်။
အပြစ်ထဲကျလွယ်၊ လိုက်ပါလွယ်သော ကျွန်ုပ်တို့ကို ရှင်ပေါလုက “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ၊ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်း နှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့် မည်” ဟုသတိပေးထားပါသည်။
အပြစ်သွေးဆောင်ခံရစဉ်…

ကတိတည်ဆဲ

ရှေးအခါက အရှေ့အလယ်ပိုင်းဒေသ များတွင် အားကြီးသူ (ဘုရင်/သခင်)နှင့် အားနည်း သူ (လက်အောက်ခံ)တို့ ပြုလုပ်သော စေ့စပ် ညှိနှိုင်း မှုကို စူဇာရန် သဘောတူညီချက်ဟုခေါ်သည်။ သဘောတူညီချက် အတည်ပြု အထမြောက်သည့် အနေဖြင့် တိရစ္ဆာန်ကိုသတ်ပြီး နှစ်ခြမ်းခွဲကာ ပူဇော်ပသကြသည်။ ထို့နောက် ယဇ်ကောင်နှစ်ခြမ်း ကြား လူသွားလမ်းဖော်ကာ မြေကြီးပေါ်တွင် စီချ ထားသည်။ အားကြီးသူ စူဇာရန်က ထို လမ်းကြားထဲ ဖြတ်လျှောက်ကာ သဘောတူညီချက်ကို သူ ထိန်းသိမ်းမည်ဖြစ်ကြောင်း ၊ သူ့ဘက်မှ ပျက်ကွက် လျှင် ထိုတိရစ္ဆာန်ကဲ့သို့ ဖြစ်မည်ဟု လူသိထင်ရှား ကြေညာသည်။
အာဗြံက ကိုယ်တော်၏ ကတိစကားကို မည်သို့တည်စေမည်နည်းဟုမေးရာ ဘုရားသခင်က အထက်ပါဓလေ့ကိုသုံး၍ အတည်ပြု ပေးခဲ့သည် (က ၁၅)။ ခွဲထားသောအသားအလယ်ကို မီးစွဲသောအခါ ဘုရားသခင်သည် ပဋိညာဉ်ကို တည်စေရန်မှာသူ့အပိုင်းဖြစ်ကြောင်း ကြေညာခြင်းဟု…

သခင်ယေရှုအကြောင်းပြောခြင်း

ဘေ့စ်ဘော တိုက်စစ်မှူးဟောင်း ‘တိုနီ ဂရပ်ဖနီနို’ က ဥရောပနိုင်ငံတစ်ခု၌ လုပ်ဆောင်နေသည့် အမှုတော်လုပ်ငန်းတစ်ခု အကြောင်း ဝေငှပြောပြသည်။ ၎င်းတို့သည် နှစ်စဉ် တစ်ပတ်တာ ဘေ့စ်ဘောသင်တန်းကို ဖွင့်လှစ် ပို့ချရာ သင်တန်းကာလ၌ ကျမ်းစာလေ့လာခြင်း အစီအစဉ်လည်း ပါဝင်သည်။ ယခင်နှစ်များက ဦးဆောင်သူများက သင်တန်းသားများ ဘုရားသခင် ကို ယုံကြည်လာရေး ဘုရားတည်ရှိကြောင်း ခိုင်လုံစွာ တင်ပြရန် အားထုတ်ကြိုးစားခဲ့သည်။ သို့သော် ၁၃ နှစ်အတွင်း လူ (၃) ဦးသာ ခရစ်တော် နောက်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ၎င်းတို့၏ချဉ်းကပ်ပုံ နည်းလမ်းကို ပြောင်းလိုက်သည်။ ခိုင်လုံသော အချက်အလက်များတင်ပြခြင်း၊ အချေအတင် ပြောပြီး  အနိုင်ယူခြင်းထက် ရိုးရှင်းသော အံ့ဖွယ်သခင်ယေရှု၏အသက်တာနှင့် ၎င်း၏ သွန်သင်မှုကိုသာ ဝေငှပြောပြတော့သည်။ ရလဒ်အနေဖြင့် သင်တန်းသားများ ပို၍ လာရောက်နားထောင်ကြပြီး သခင့်နောက်လိုက်ရန် ရွေးချယ်မှု ပိုများလာသည်။…

ငါ့လိုလူတွေ

လွန်ခဲ့သော နှစ်များစွာက ဝတ်ပြု စည်းဝေးတစ်ခု၌ သင်းအုပ်ဆရာ `ရေး စတက်မန်´ သည် တရားဟောစင်မြင့်မှ ထိုနေ့အတွက် ဖတ်ရန် ကျမ်းချက် (၁ ကော ၆း၉-၁၀)ကို ဖတ်လိုက်သည်။ “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသော သူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ် မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင် အထက် လုယူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ”။
ထို့နောက် ပရိသတ်ကိုကြည့်လိုက်ပြီး နားလည်ရခက်သောအပြုံးနှင့် “ခင်ဗျားတို့ရဲ့ အတိတ်မှာ ခုနကဖတ်သွားတဲ့ အပြစ်တစ်ခု၊ ဒါမှ မဟုတ် နှစ်ခုသုံးခုလည်း ဖြစ်ရင်ဖြစ်မယ်ဗျာ၊ ဒီအပြစ်တွေလုပ်ခဲ့ဖူးတဲ့သူ ဘယ်နှစ်ယောက် များရှိမလဲ၊ ကျုပ်သိချင်လိုက်တာ၊ ရှိရင် မတ်တပ်ရပ်ပြပါလား”ဟု မေးလိုက်သည်။
ပရိသတ်များအလယ်၌ ဘုရားကျောင်းသို့ တစ်ခါမျှမရောက်ဖူးသော လူငယ်တစ်ဦးလည်းရှိနေသည်။…

နှလုံးသည်သာ ပဓာန

လူ့နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၇၀ မှ ၇၅ ကြိမ်အထိခုန်သည်။ ပျမ်းမျှ ၁၁ အောင်စ အလေးချိန်ရှိပြီး ကျန်းမာသောနှလုံးသည် တစ်နေ့လျှင် သွေးဂါလံ ၂၀၀၀ ကို မိုင် ၆ သောင်းမျှ ရှိသည့် သွေးလွှတ်ကြောတစ်လျှောက် နေ့စဉ် ညှစ်ထုတ်ပို့ပေးသည်။ ကုန်ကားတစ်စီးကိုမိုင် ၂၀ အထိမောင်းနှင်ရန် လုံလောက်သော စွမ်းအင်ကို နှလုံးမှ နေ့စဉ်ထုတ်ပေးသည်။ လူ့ဘဝသက်တမ်း တစ်ခုအတွင်း ထုတ်လုပ်သော စွမ်းအင်သည် လကမ္ဘာသို့ အသွားအပြန်သွားနိုင်မည့် စွမ်းအင် ပမာဏနှင့်ညီမျှသည်။ ကျန်းမာသောနှလုံးသည် အံ့သြဖွယ်ရာများကို ပြုလုပ်နိုင်သည်။ သို့သော် နှလုံး ချို့ယွင်းသွားပါက ခန္ဓာတစ်ခုလုံး သေဆုံးသွားမည်။
ဝိညာဉ်ဆိုင်ရာနှလုံးသားသည်လည်း ထို့အတူပင်ဖြစ်သည်။ နှလုံးသည် ကျွန်ုပ်တို့၏ ခံစားမှု၊ အတွေးနှင့်ဆင်ခြင်မှုများ၏ အချက်အချာဗဟိုဖြစ်ကြောင်း ကျမ်းစာ၌ ဆိုထားသည်။ ထို့ကြောင့် “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏ နှလုံးကို…

မည်သူချီးမြှောက် ဂုဏ်ပြုခံရမည်နည်း

ထူးချွန်ပါရမီရှင် ခရစ် လန်ဂင် သည် သိပ္ပံ ပညာရှင် အိုင်းစတိုင်း ထက် အိုင်ကျူဉာဏ်စွမ်း ပိုထက်သည်။ ကာယဗလမောင် မောင်စတာဖာ အစ္စမေး ၏ လက်မောင်းက ၃၁ လက်မ ပတ်လည် အရွယ်ရှိပြီး ပေါင် ၆၀၀ အလေးကို မနိုင်သည်။ ကွန်ပျူတာပညာရှင် ဘီလ်ဂိတ် သည် ကုဋေချီ၍ ချမ်းသာကြွယ်ဝသည် ဟုခန့်မှန်းကြသည်။ ထိုသို့ သူမတူသောစွမ်းရည်နှင့် ပိုင်ဆိုင်မှုများရှိသဖြင့် မိမိကိုယ်ကို ထင်သင့်သည်ထက်ပို၍ ထင်သင့် ကြောင်း ၎င်းတို့ သွေးဆောင်ခံရနိုင်သည်။ သို့သော် မိမိ၏ ထက်မြက်မှု၊ သန်မာအားရှိမှု၊ ကြွယ်ဝမှု ကြောင့် ဂုဏ်အသရေကို အရူးအမူး မရယူသင့်ပါ။ မည်သည့် အောင်မြင်မှု ကြီးငယ်မဟူတွင် “ဘယ်သူ ချီးမြှောက်ဂုဏ်ပြုခံရမလဲ”ဟူသည့် မေးခွန်းကို ဖြေဆိုအပ်သည်။
ဘုရားသခင်သည် တရားစီရင်လျက် ဣသရေလလူတို့အား ပရောဖက် ယေရမိအားဖြင့် “ပညာရှိသောသူသည်…

ကျေးဇူးတင်၍ ကျသောမျက်ရည်

ပွဲတော်မင်္ဂလာဝတ် ခံယူဝတ်ပြု စည်းဝေးချိန်၌ သင်းအုပ်နှင့်သင်းထောက်များက ရှေ့သို့ထွက်၍ ပွဲတော်မုန့်နှင့်စပျစ်ရည်ကို ခံယူရန် ဖိတ်ခေါ်သည်။ ၎င်းတို့က သခင်ခရစ်တော်၏ ပေးဆပ်ပူဇော်မှုသည် ကျွန်တော်ကျွန်မတို့အတွက် ဖြစ်ကြောင်း ပွဲတော်ခံယူသူ အယောက်တိုင်းကို ပြောကြားသည်။ လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း ဤသို့ ပြောကြားခြင်းကြောင့် ကျွန်ုပ်စိတ်၌အထူး ခံစားရသည်။ မုန့်နှင့်စပျစ်ရည်ခံယူပြီး မိမိနေရာသို့ ပြန်ထိုင်ကာ ဖြည်းညှင်းဆိတ်ငြိမ်စွာ စီတန်းသွား နေသူများကို ကြည့်မိသည်။ လူများစွာတို့၏ မျက်ဝန်း၌ မျက်ရည်စများတွေ့ရ၍ နှလုံးသား၌ ခံစားရပြန်သည်။ ၎င်းသည် ကျေးဇူးတင်၍ကျသော မျက်ရည်များပင်။
ကျေးဇူးတော်မျက်ရည် ကျရသည့် အကြောင်းရင်းမှာ ပွဲတော်မင်္ဂလာကြောင့်ပင် ဖြစ်သည်။ တမန်တော်ရှင်ပေါလုက အောက်မေ့ဖွယ် နောက်ဆုံးညစာအကြောင်း ကောရိန်သုအသင်းတော်သို့ သွန်သင်ရာ၌ “အကြောင်းမူကား သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကိုသောက်သောအခါခါ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော် မမူမီတိုင်အောင် (ကြွေးကြော်ခြင်း) ဖြစ်၏” (၁ ကော ၁၁း၂၆)ဟု တန်ခိုးနှင့်ပြည့်စုံသည့်…

ကျွန်ုပ်ကို ပြောင်းလဲစေသူ

၂၀၁၁ ခုနှစ်တွင် ကွန်ပျူတာကို အစဦး တီထွင်ခဲ့သူ စတိဗ် ဂျော့ဘ်စ် ကွယ်လွန်သွားရာ၊ ကမ္ဘာတစ်ဝှမ်းမှ လူတစ်သန်းကျော်သည် အင်တာ နက်မှ သူ့အတွက် ဝမ်းနည်းစကားများပေးပို့ ခဲ့သည်။ ဂျော့ဘ်စ် သည် သူတို့၏ဘဝကို ပြောင်းလဲ စေခဲ့ကြောင်း ဖော်ပြချက်က အဓိကတူညီနေသည်။ ဂျော့ဘ်စ်၏ ဖန်တီးတီထွင်နိုင်စွမ်းကြောင့် သူတို့၏ ဘဝရပ်တည်မှု တစ်မူထူးပြီး ခြားနားခဲ့သည်။ ဂျော့ဘ်စ် ကို တန်ဖိုးထားမြတ်နိုးလျက် ၎င်းတို့၏ ဝမ်းနည်းမှုကို ဖော်ပြကြသည်။ ကွန်ပျူတာတစ်ခု တွင်မူ iSad ဟု စာလုံးမဲကြီးဖြင့် ရေးသားထားသည်။
ကျေးဇူးတင်သိတတ်သည့် စိတ်ထား ခံစားချက်နှင့်စပ်လျဉ်း၍ ဆာလံ ၁၀၇ တွင် အတိအကျ ဖော်ကျူးထားသည်။ “ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက်တောင်မြောက် အရပ်ရပ်ထဲက စုသိမ်းသောသူတည်း ဟူသော ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ” (း၂)။ ဤဆာလံကျမ်းတွင် ဘုရား သခင်ကယ်နုတ်ခဲ့သည့်…

ခိုနားရာသစ်ပင်

ကျွန်မရုံး၏ အရှေ့ဘက်လယ်ကွင်းထဲ၌ အထီးတည်းရှိနေသည့် တစ်ပင်တည်းသော သစ်ပင်ကြီးက ပဟေဠိဆန်လှသည်။ လယ်သမား တို့သည် ထိုနေရာ၌ သစ်ပင်ဧကပေါင်းများစွာကို ခုတ်ထွင်ရှင်းလင်းကာ ပြောင်းစိုက်ပျိုးခဲ့ကြသည်။ သို့သော် အကိုင်းအခက်ဝေဆာသော ထိုအပင် တစ်ပင်တည်း ကျန်ရှိနေသည်။ ထိုအပင်ကို ချန်ထား ရသည့်အကြောင်းရင်ကိုသိမှ ပဟေဠိအဖြေညှိနိုင် တော့သည်။ ရှေးယခင်က လယ်သမားတို့သည် ၎င်းတို့နှင့် ၎င်းတို့၏တိရစ္ဆာန်များအတွက် ပူပြင်း ခြောက်သွေ့သော နွေရာသီတွင် အရိပ်ခိုနားနေရန် သစ်တစ်ပင်ကို ချန်ထားလေ့ရှိသည့် ထုံးစံရှိကြခြင်း တည်း။
တစ်ခါတစ်ရံ မိမိတစ်ဦးတည်း ကျန်ရစ်အသက်ရှင်နေရသည့်အကြောင်းရင်းကို မသိနိုင်သည့်အခြေအနေမျိုး ကျွန်ုပ်တို့ရင်ဆိုင်နေရသည်။ တိုက်ပွဲ၌မကျဘဲ ကျန်ရစ်သည့် တပ်မတော်သား၊ ချောက်ချားဖွယ်ရောဂါနှင့်နပန်းလုံးပြီး ပြန်လည်နာလန်ထူလာနိုင်သော လူမမာများ၊ သူများသေပြီး ငါဘာလို့မသေလဲဟု တွေးရခက်စွာနှင့် နားမလည်နိုင်ပါ။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ သည့် ဣသရေလလူတို့အနက် အချို့တို့ကိုရွေးကောက်လျက် ချန်ထားသည်။ ထိုကျန်ကြွင်း သူများသည် ကိုယ်တော်၏ဥပဒေသပညတ်တော်များကို…